Probux မှာ ၀င်ငွေရှာကြမယ်

Sunday, July 21, 2013

Mobile Phone ကိုင်ဆောင်ထားသူများအတွက် သတင်းကောင်း



Mobile Phone များတွင် အင်တာနက်သုံးစွဲနိုင်ရန် အရင်က ဆက်သွယ်ရေးသို့ ကိုယ်တိုင်သွားရောက်လျှောက်ထားရပါတယ်......... အခု အဲ့လို သွားစရာမလိုတော့ပါဘူး........ မိမိဖုန်းကနေပဲ အလွယ်တကူ အင်တာနက်လိုင်းသုံးစွဲနိုင်အောင် လျှောက်ထားလို့ရပါပြီ......


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Orderdat service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

No comments:

Post a Comment