Probux မှာ ၀င်ငွေရှာကြမယ်

Wednesday, July 31, 2013

GSM, WCDMA ကိုင်ဆောင်ထားသူများအတွက် သတင်းကောင်း

GSM, WCDMA ကိုင်ဆောင်ထားသော သူငယ်ချင်းများအနေဖြင့် အင်တာနက်ကို ဈေးနှုန်းသက်သက်သာသာနဲ့ အချိန်ပြည့်သုံးနိုင်အောင် ဒီသတင်းလေးကို တင်ပြလိုက်ပါတယ်........ ဒါပေမဲ့ ဒီသတင်းလေးက ကျွန်တော့်အတွက်တော့ အကျိုးသက်ရောက်မှုမရှိပါဘူး....... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ဖုန်း မရှိလို့ပါ ......1500 ကျပ်တန်ဖုန်းတောင် မကိုင်နိုင်ဘူးလားလို့ မေးစရာရှိပါတယ်...... ဟုတ်ပါတယ်...  မကိုင်နိုင်ပါဘူး...... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နေတဲ့နေရာမှာ ဖုန်းလိုင်းမမိလို့ပါ........ဟဲဟဲ.... ကြွားတာမဟုတ်ဘူးနော်.....ကဲ ဖုန်းကိုင်နိုင်သော သယ်ရင်းများ အဆင်ပြေနိုင်စေဖို့.......... အသေးစိတ်ကို အောက်မှာ ဖတ်ပါ............

Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်
Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်

အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။
ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
YEE SHIN MOBILE

Wednesday, July 24, 2013

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ



လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense
Wednesday, 10 July 2013

ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပ ညာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ဖော်ပြ သခဲ့တာ ဖြစ်
ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-

- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင် ပါတယ်။

- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။

- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။

အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။

ပထမဆုံး တီထွင်လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ်ပါမယ်။ ရုံးအဝင်အထွက် လက်မှတ် ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။

နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံပါပဲ။ နောက်ထပ်တစ်ဆင့်တပ်လိုက်တာကတော့ လှုပ်ရှားမှုအပြင် လက်ညိုးက တစ်ချက် ကွေးဆန့်လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာပြင်မှာ ကလစ်တစ်ချက်ထောင်သလိုပဲ ဖြစ်ပါတယ်။ 

 ဒါတွေက လိုသလို Option ပေးလို့ရပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကွန်ပြူတာ တောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။

လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်းပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့  လှုပ်ရှားမှုတိုင်းကို Track လုပ်လို့ အလိုအလျောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ်ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ်ဆိုရင် လက်ချောင်းလေးကို ကင်မရာပုံစံလုပ်ရိုက်ရုံနဲ့ ကင်မရာထဲမှာ အလိုအလျောက်ဝင်သွား မှာ ဖြစ်ပါတယ်။

ဒီထက်မကတဲ့ အဆင့်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ ဒီအတွက် ထပ်မံ အဆင်မြင့်တင်လို့ တကယ့် လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ဒါကို SixthSense လို့ခေါ်ပြီး ဖန်တီးသူကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယလူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

Youtube 

By - winkabarkyaw.net

Monday, July 22, 2013

ကမ္ဘာ့အပါးလွှာဆုံး HD LCD Panel ကို ကြေညာတဲ့ LG



စမတ်မိုဘိုင်း ပစ္စည်းများ ထုတ်လုပ်သူ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ မိုဘိုင်းထုတ်ကုန်များကို ပိုမိုပါးလွှာ ပေါ့ပါးစေဖို့ ကြံဆနေကြပါတယ်။  ယခုအခါ LG Display ဌာနခွဲဟာ ဗုဒ္ဓဟူးနေ့က စမတ်ဖုန်းများ အတွက် ကမ္ဘာ့အပါးလွှာဆုံး Full HD LCD Panel အား ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ၎င်း Panel ဟာ 5.2" အရှည်ရှိပြီး 2.2mm သာ အထူရှိပါတယ်။ LG မှ ၎င်းတို့ရဲ့ ထုတ်ကုန်သစ်ဟာ မိုဘိုင်းဈေးကွက်ကို ရောက်ရှိလာမယ့် အပါးလွှာဆုံး Full HD LCD Panel ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Touch နည်းပညာကို အသုံးပြုထားပြီး ကွေးညွှတ်နိုင်တဲ့ Dual Printed Circuit အပြင် Direct Bonding စနစ်များကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ၎င်း Panel ရဲ့ အလွှာ အရေအတွက်ကို ၃၀ ရာခိုင်နှုန်း အထိ လျော့ချနိုင်ခဲ့ကာ ကောင်းမွန်တဲ့ အလင်းပေးမှုကိုလည်း ထောက်ပံ့ပေးနိုင်ကြောင်း LG က ဆိုပါတယ်။

LG ကုမ္ပဏီဟာ ၎င်းတို့ရဲ့ စမတ်ဖုန်းနဲ့ Tablet Display နည်းပညာများအတွက် အလွန်ကြိုးစားတဲ့ ကုမ္ပဏီ အဖြစ် လူသိများပြီး လွန်ခဲ့တဲ့ လကလည်း ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်း Display များကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းဟာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်နဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ တစ်ဦးတည်းသော ကုမ္ပဏီ မဟုတ်ဘဲ ဆမ်ဆောင်း နိုကီရာ Apple တို့ကလည်း အလားတူ နည်းပညာကို ရရှိရန် နှစ်ပေါင်းများစွာ ပြင်ဆင်ထုတ်လုပ် နေခဲ့ပါတယ်။

By Yatanarpon