စမတ်မိုဘိုင်း ပစ္စည်းများ ထုတ်လုပ်သူ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ မိုဘိုင်းထုတ်ကုန်များကို ပိုမိုပါးလွှာ ပေါ့ပါးစေဖို့ ကြံဆနေကြပါတယ်။ ယခုအခါ LG Display ဌာနခွဲဟာ ဗုဒ္ဓဟူးနေ့က စမတ်ဖုန်းများ အတွက် ကမ္ဘာ့အပါးလွှာဆုံး Full HD LCD Panel အား ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ၎င်း Panel ဟာ 5.2" အရှည်ရှိပြီး 2.2mm သာ အထူရှိပါတယ်။ LG မှ ၎င်းတို့ရဲ့ ထုတ်ကုန်သစ်ဟာ မိုဘိုင်းဈေးကွက်ကို ရောက်ရှိလာမယ့် အပါးလွှာဆုံး Full HD LCD Panel ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Touch နည်းပညာကို အသုံးပြုထားပြီး ကွေးညွှတ်နိုင်တဲ့ Dual Printed Circuit အပြင် Direct Bonding စနစ်များကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ၎င်း Panel ရဲ့ အလွှာ အရေအတွက်ကို ၃၀ ရာခိုင်နှုန်း အထိ လျော့ချနိုင်ခဲ့ကာ ကောင်းမွန်တဲ့ အလင်းပေးမှုကိုလည်း ထောက်ပံ့ပေးနိုင်ကြောင်း LG က ဆိုပါတယ်။
LG ကုမ္ပဏီဟာ ၎င်းတို့ရဲ့ စမတ်ဖုန်းနဲ့ Tablet Display နည်းပညာများအတွက် အလွန်ကြိုးစားတဲ့ ကုမ္ပဏီ အဖြစ် လူသိများပြီး လွန်ခဲ့တဲ့ လကလည်း ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်း Display များကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းဟာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်နဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ တစ်ဦးတည်းသော ကုမ္ပဏီ မဟုတ်ဘဲ ဆမ်ဆောင်း နိုကီရာ Apple တို့ကလည်း အလားတူ နည်းပညာကို ရရှိရန် နှစ်ပေါင်းများစွာ ပြင်ဆင်ထုတ်လုပ် နေခဲ့ပါတယ်။
By Yatanarpon

No comments:
Post a Comment