Probux မှာ ၀င်ငွေရှာကြမယ်

Thursday, August 22, 2013

ကွန်ပြူတာကို လက်ပြ ပြီး Control လုပ်ကြမယ်


အပေါ်မှာ တွေ့နေရတဲ့ ပုံလေးအတိုင်းပေါ့ဗျာ....... ကွန်ပြူတာမှာ ဖွင့်ထားတဲ့ သီးချင်းတွေကို Mouse, Keyboard မသုံးပဲ အဝေးကနေ လက်ပြီး ခိုင်းတာပါ... စိတ်ဝင်စားလို့ လုပ်ကြည့်ချင်ရင် အောက်မှာ software လေး တစ်ခု အရင်ဒေါင်းပြီး install လုပ်လိုက်ပါ.... Install လုပ်ပြီးသွားရင် taskbar ညာဘက်နားက မျှားလေးကိုနှိပ်ပြီး အဲ့ဒီထဲမှာ (F) ဆိုတာလေးကို ရှာပါ.။ တွေ့ပြီဆိုရင် သူ့အပေါ်မှာ Right Click လုပ်ပြီး Preferred App>Auto Select မှာ အမှတ်ချက်ပေးလိုက်ပါ။
ပြီးရင် ( Window Media Player, itune, VLC Player ) တစ်ခုခုနဲ့ ပုံမှန်အတိုင်း သီချင်းဖွင့်ပြီး စမ်းကြည့်နိုင်ပါပြီး...

Download Here

Monday, August 12, 2013

WinRAR နဲ့ Portable Software ပြုလုပ်နည်း Ebook



Portable လုပ်တဲ့ Software ကြီးကြီးတွေ မသုံးပဲ ကွန်ပြူတာတိုင်းမှာ မရှိမဖြစ်ထည့်ထားရတဲ့ WinRar ကိုသုံးပြီး ပြုလုပ်နည်း စာအုပ်လေးပါ...... ဒီနည်းလေးကို မျှဝေချင်လို့ ကျွန်တော်ကိုယ်တိုင်ပဲ စာမရေးတတ်ရေးတတ်နဲ့ ကြိုးစားရေးထားပြီး တင်ပေးလိုက်ပါတယ်....... လိုအပ်သူများ အောက်မှာ ဒေါင်းယူပါ........

Download Here

- Download Here ကိုကလစ်လုပ်ပါ...

- 6 second စောင့်ပြီး ညာဘက်အပေါ်ဒေါင့်မှာ Skip ကို ကလစ်လုပ်ပါ။

- ပြီးရင် Download ပေါ်တွင် ကလစ်လုပ်ကာ ဒေါင်းပါ။

Sunday, August 11, 2013

GSM, WCDMA အင်တာနက်လိုင်းလျှောက်ထားရာတွင် မှားယွင်းမှုမရှိစေရန်



GSM,WCDMA လိုင်းများကိုအင်တာနက်လျှောက်ရာမှာ မှာယွင်းမရှိစေဖို့ အသိပေးလိုက်ရတာပါ။ အချို့ဖြစ်နေကြတာတွေပါ။ sms ပို့လိုက်ပါရဲ့။ ဘာမှထူးမလာဘူးတို့ ၊ ငွေတော့ဖြတ်သွားပြီ လိုင်းမပွင့်သေးဘူးတို့ ဖြစ်နေကြပါတယ်။ ဒီအတွက် အင်တာနက်လျှောက်ဖို့ sms ပို့တဲ့အခါ စာလုံးအကြီးအသေးနဲ့ format ကိုသေချာရိုက်ပြီးမှပို့ပါ။
MPT ၏ GSM, WCDMA ဖုန်းလိုင်းများတွင် Internet service ရယူနိုင်ရန်အတွက် 1331 နံပါတ်သို့ အောက်ပါအတိုင်း SMS ပေးပို့ပြီး အင်တာနက် လျှောက်ထားနိုင်ပါသည်။ Orderdata service
– O (အို)ကို စာလုံးအကြီးဖြင့်ရိုက်ရမည်ဖြစ်သည်။
– Orderdata ကို တစ်ဆက်တည်းရိုက်ရမည်ဖြစ်သည်။
- Orderdata နောက်တွင် space (နေရာလွတ်) တစ်ချက်ခြားရန်လိုအပ်သည်။
– s (အက်စ်)ကို စာလုံးအသေးဖြင့်ရိုက်ရမည်ဖြစ်သည်။
မှတ်ချက် ။ ။ အင်တာနက် ဝန်ဆောင်မှု ရယူနိုင်ရန် ဝန်ဆောင်ခ ၁၀၀၀၀ ကျပ်ကို ကြိုတင် Bill မှ အလိုအလောက် ဖြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင် Bill လက်ကျန်ငွေမှာ ၁၀၀၀၀ ကျပ် အထက် ရှိရန်လိုအပ်ပါသည်။ အဆင်မပြေမှုများရှိပါက MPT ၏ Call Centre ဖုန်းနံပါတ် 1876 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Bill ဖြတ်တောက်ပြီးပြီဆိုတာနဲ့ အင်တာနက်လျှောက်ထားမှုအောင်မြင်ကြောင်း SMS ပြန်ဝင်လာပါလိမ့်မယ်။ အဲဒီအခါ ဖုန်းကို တစ်ခါလောက် reboot ချပြီးမှ အင်တာနက် setting ထည့် ၊ ပြီးရင် Internet ကို on ကြည့်ပါ။ အင်တာနက်စတင်သုံးစွဲလို့ရနေပါပြီ.။

Posted by -  YGNBLOGGER

Thursday, August 1, 2013

Save As PDF ( Word, Excel ကနေ PDF အဖြစ် သိမ်းကြမယ်)



PDF ဖိုင်ကနေ word, excel စသဖြင့် ပြောင်းလဲပေးနိုင်တဲ့ software တွေအများကြီးရှိသလို Word, Excel ကနေ PDF ဖိုင်အဖြစ်ပြောင်းပေးတဲ့ software တွေလည်း အများကြီးရှိပါတယ်...... ဒါပေမဲ့ အဲ့လိုတွေပြောင်းနေရတာ အလုပ်ပိုရှုပ်တယ်ဆိုရင် word , excel မှာရိုက်ထားတဲ့ စာတွေကို တခါတည်း PDF ဖိုင်အဖြစ်သိမ်းလိုသူများ အခု ပြောတဲ့ Save As PDF ဆိုတာလေးကို ထည့်သွင်းပြီးလုပ်ဆောင်နိုင်ပါတယ်......... အရမ်းလည်း လွယ်ကူပါတယ်..........
1. software ကို ဒေါင်းပြီး Install လုပ်လိုက်ပါ......
2. ပြီးရင် word, excel တခုခုကို သိမ်းနေကြအတိုင်း save နှိပ်လိုက်ပါ..... အဲ့ဒီမှာ Save as box တက်လာရင် file name ရဲ့ အောက်မှာရှိတဲ့ save as type နေရာမှာ ကလစ်လုပ်ပြီး PDF ဆိုတာလေးကို ရွေးပြီး save ပေးလိုက်ရင် ကိုယ်ရဲ့ file လေးဟာ တခါတည်း PDF file အဖြစ် သိမ်းပေးသွားပါလိမ့်မယ်........

Download Here

- Download Here ကိုကလစ်လုပ်ပါ...

- 6 second စောင့်ပြီး ညာဘက်အပေါ်ဒေါင့်မှာ Skip ကို ကလစ်လုပ်ပါ။

- ပြီးရင် Download ပေါ်တွင် ကလစ်လုပ်ကာ ဒေါင်းပါ။