ဖုန်းအင်တာနက်ကွန်နရှင်ကို ကွန်ပျူတာကနေ ရယူသုံးစွဲနိုင်ရန် နည်းလမ်း နှစ်သွယ်ရှိပါတယ်.... မိမိနှင့် အဆင်ပြေရာကို သုံးစွဲနိုင်ပါတယ်.......
အဲ့ဒီနည်းလမ်းနှစ်ခုကတော့ ဖုန်းမှ hotspot wifi လွှင်ပြီးသုံးခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ USB ကြိုးကို အသုံးပြုပြီး Usb Tethering အနေဖြင့် အသုံးပြုခြင်းဖြစ်ပါတယ်.....................
ပထမနည်းလမ်း........
- ဖုန်း ရဲ့ Setting ထဲကို ၀င်ပါ. အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်း ပြထားပါတယ်.. အနီရောင်နဲ့ပြထားတာတွေကို တဆင့်ချင်း လိုက်ဝင်သွားပါ.......
နံပါတ် 5 ပုံမှာ ပြထားတဲ့အတိုင်း Network SSID မှာ မိမိ ကြိုက်ရာ အမည်ထည့်ပါ... ပြီးရင် Password မှာ မိမိ ကြိုက်ရာထည့်ပြီး ထို Password ကို သေချာမှတ်ထားပါ... မေ့သွားရင်တော့ Show Password မှာ အမှန်ချက်လေးထည့်ပြီး ကြည့်နိုင်ပါတယ်..... ပြီးရင် Save ဆိုတာကို နှိပ်ပြီး WLAN hotspot ဆိုတာကို ON လိုက်ပါ......... ဒါဆိုရင် ဖုန်းအပိုင်းက ပြီးပါပြီ.....
ပြီးရင် ကွန်ပျူတာကို ဆက်သွားပါမယ်.......
ပုံနဲ့ပြထားတဲ့အတိုင်း လုပ်ဆောင်ပါ
Taskbar ညာဘက်အောက်နားမှာ ရှိတဲ့ Wifi Icon လေး ကို တစ်ချက်နှိပ်လိုက်ပါ အောက်ပါအတိုင်းတွေ့ရပါမယ်
ပြီးရင် Connect ပေါ်မှာ နှိပ်ပါ........ Password တောင်းလာပါမယ်...... ခဏနေက ဖုနုးမှာ ထည့်ထားတဲ့ Password အတိုင်း မှန်အောင်ရိုက်ထည့်ကာ သုံးနိုင်ပါပြီ......
ဒုတိယနည်းလမ်း..................
ပုံလေးတွေအတိုင်းဆက်လုပ်ပါ............ ဒီနည်းကို သုံးရင်တော့ USB ကြိုးတစ်ချောင်းတော့ ရှိနေရပါမယ်..
ပထဆုံး ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုး နှင့် ချိတ်ဆက်ပြီး ဖုန်းရဲ့ setting ထဲကို ၀င်ပါ.........
ပုံ 3 လို USB Tethering မှာ အမှန်ချက်ပြီး ခဏစောင့်ပါ......... ကွန်ပျုတာနဲ့ ဖုန်းနဲ့ အလိုလို ချိတ်ဆက်ပေးသွားပါမယ်........... ပြီးရင် ပုံမှန်အတိုင်း ဖုန်းရဲ့ အင်တာနက် Data ကိုဖွင့်ပြီး ဖုန်းအင်တာနက်ကို ကွန်ပျူတာကနေ သုံးနိုင်ပါပြီ........ အဆင်ပြေပါစေ........
Post By KZ Group, Computer & Mobile Service, OKKAN.













