2004 ခုနှစ်ကတည်းက ဟားဗက် ကျောင်းမှာ ကျောင်းသားတွေအတွက် အပျော်တမ်း Social Website တစ်ခု အဖြစ် တည်ထောင်ခဲ့ရာမှ လက်ရှိအချိန်မှာ ကမ္ဘာ့လူသုံးအများဆုံး Social Website တစ်ခုအဖြစ်ရပ်တည်နေတဲ့ Facebook ကိုတည်ထောင်ခဲ့သူ Mark Zuckerberg ဟာ သူ့ရဲ့ ဇနီး Priscilla မှ ပထမဦးဆုံးသော သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့အတွက် အရမ်း ပျော်ရွှင်နေပါတယ်။
ဒီအတွက်ကြောင့် Mark Zuckerberg ဟာ သူ့သမီးလေးအတွက်ရည်ရွယ်ပြီး ရေးသားထားတဲ့စာကို Facebook ပေါ်မှာ Note ရေးပြီး တင်ခဲ့ပါတယ်။ ထိုစာထဲမှာ Mark Zuckerberg ဟာသူနဲ့ သူ့ဇနီးတို့ လောကကြီးထဲမှာ ကြုံတွေ့ခဲ့ရတဲ့ ပျော်ရွှင်စရာ အဖြစ်အပျက်တွေအကြောင်းနဲ့ စိတ်ဆင်းရဲစရာ အဖြစ်အပျက်တွေအကြောင်းကို ရေးသားထားတဲ့အပြင် အခြားအကြောင်းအရာများကိုလည်း ရေးသားထားပါတယ်။ ဒါ့အပြင် ယခုလက်ရှိ Facebook တွင်ပိုင်ဆိုင်နေတဲ့ ရှယ်ယာ အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံ ပိုင်ဆိုင်မှုမှ ၉၉ ရာခိုင်နှုန်းကို လူမှုကူညီရေး အဖွဲ့များအတွက် လှူဒါန်းသွားမယ်လို့လည်း ရေးသားထားပါတယ်။ Mark Zuckerberg နှင့် သူ့ဇနီးဟာ နည်းပညာ ဖွံ့ ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေကြတဲ့ နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများကိုလည်း အလှူငွေများနှင့် ကူညီပံ့ပိုးပေးနေတာဖြစ်ပြီး နောက်ထပ်လည်း ကူညီပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Mark Zuckerberg နဲ့ သူ့ရဲ့ ဇနီး Priscilla Chan တို့ဟာ နိုဝင်ဘာ 29 ရက်နေ့ကလည်း နိုင်ငံပေါင်းဆယ်နိုင်ငံမှ Startup အဖွဲ့အစည်းများကို ရင်းနှီးမြှပ်မှု ငွေများ ပြုလုပ်ခဲ့သလို စက်တင်ဘာလကလည်း သင်ကြားမှု အထောက်အကူပြုတဲ့ Platform Design တစ်ခုထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅သန်းကို လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် ဇန်နဝါရီလမှာ သူတို့ရဲ့ ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်းကို လှူဒါန်ခဲ့ပါသေးတယ်။ Mark ရဲ့ ဇနီး Priscilla Chan ဟာ လက်ရှိအချိန်မှာ အဆိုပါ ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ Mark Zuckerberg ဟာ ဒီနှစ်အတွင်းမှာ လှူဒါန်းခဲ့တဲ့ စုစုပေါင်း အလှူငွေမှာ အမေရိကန်ဒေါ်လာ 125 သန်းကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုအလှူတန်းကို ဝါသနာပါတဲ့ Mark Zuckerberg ဟာအခုလည်း သူ့ရဲ့ သမီးဦးလေးအတွက် Facebook မှ ရသမျှ ရှယ်ယာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံမှ 99 ရာခိုင်နှုန်းကို ဆက်လက်လှူဒါန်းသွားအုံးမှာဖြစ်ပါတယ်။ Mark ဟာ သူ့ရဲ့ သမီးဦးလေးရဲ့ အမည်ကို Max လို့အမည်ပေးခဲ့ပါတယ်။
Ref: Mark Zuckerberg, thenextweb
Aung Ko Htet (MMA)


No comments:
Post a Comment