Windows 8, 8.1 အသုံးပြုနေကြတဲ့ ကျွန်တော့ ညီအစ်ကိုများ အတွက်ဖြစ်ပါတယ်.... Windows 8 မှာ Software တွေ Install လုပ်တဲ့အခါ တစ်ချိုူု့ Software တွေက .Net Frame 3.5 ရှိနေမှ အလုပ်လုပ်ပါတယ်...... Windwos 8 မှာတော့ .Net Frame 4.0 ကိုပဲ ထည့်သွင်းပေးထားတာဖြစ်တဲ့အတွက် .net frame 3.5 ကို တောင်းတတ်ကြပါတယ်... Internet လိုင်းရှိပြီး လိုင်းကောင်းနေသူတွေအတွက် အခက်အခဲမရှိနိုင်ပေမဲ့ အင်တာနက်မရှိ၊ လိုင်းမကောင်းတဲ့သူတွေအတွက် အင်တာနက်ပေါ်က တိုက်ရိုက်ဒေါင်းလုပ် လုပ်ဖို့ဆိုတာ မလွယ်ကူပေ...... အခု ဒီကောင်လေးက အဲ့ဒီအခက်အခဲကို အင်တာနက် လိုင်း လုံးဝ ရှိစရာမလိုပဲ လွယ်ကူအဆင်ပြေစွာ ဖြေရှင်းပေးပါလိမ့်မယ်.....
1. Software ကို အောက်မှာဒေါင်းလိုက်ပါ။
2. ရလာတဲ့ Zip ဖိုင်ကို ဖြည်ပြီး Run as Administrator အနေနဲ့ Run ရပါမယ်။
3. Windows 8, 8.1 ခွေကို မိမိ Drive ထဲထည့်ထားပါ။ ပြီးရင် မိမိခွေရှိရာ (C, D, E,F ) တစ်ခုခုရွေး ပြီး Start ပေါ်မှာ ကလစ်လုပ်လိုက်ပါ....... သူ့အလိုလို .net frame 3.5 ကို install လုပ်သွားပါလိမ့်မယ်... အချိန်အနည်းငယ်တော့ စောင့်ရပါမယ်... အောက်မှာ ပုံထဲကအတိုင်းကြည့်လုပ်နိုင်ပါတယ်.....
DOWNLOAD HERE .Net Frame 3.5 Offline Instller
( Direct Download Link ပေါ်တွင် ကလစ်လုပ်ပြီး ဒေါင်းယူပါ)

No comments:
Post a Comment