Probux မှာ ၀င်ငွေရှာကြမယ်

Friday, September 20, 2013

Google ကို Pro တစ်ယောက်လိုအသုံးချမယ်



အင်တာနက်အသုံးပြုသူတိုင်း Google ဆိုတာ သိပြီးသားဖြစ်ပါတယ်.......ဒါပေမဲ့ ကျွန်တော်အခုပြောချင်တာလေးက Google မှာ ကိုယ်လိုချင်တာလေးတွေကို တိတိကျကျ မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်.....

1/ တိကျသော စကားလုံးများ နှင့် စကားစုများ

 အခုကျွန်တော်တို့ပြောမယ့် ဟာ က ကိုယ်ရှာမယ့် စကားစုတွေကို " " Double Quote နှစ်ခုကြားထည့်
 ပြီးရှာခြင်းပဲဖြစ်ပါတယ်။Google မှာ သင်ရှာချင်တဲ့ စကားလုံးကို တိတိကျကျ သိချင်ရင် Double Quote
နှစ်ခုကြားထည့်ပြီးရှာနိုင်ပါတယ်။ဥပမာ - Hello World ပေါ့ သူ့ကို Double Quote နှစ်ခုကြား ထည့်ပြီး
Google မှာရှာကြည့်ရင် Google က ရလဒ်အနေနဲ့ Hello World - အဲ့ဒီ့ စကားလုံးနှစ်ခု ပါတဲ့ Web page တိုင်းကိုပြပေးမှာဖြစ်ပါတယ်။


“Hello World”

2. စကားလုံး တစ်ခုအား ပယ်ခြင်း

minus sign။ဟုတ်ကဲ့ အဲ့ဒီ့ အနုတ် လခ်ဏာကိုသုံးပြီး Google မှာရှာတဲ့အခါ မပါစေချင်တဲ့ စကားလုံး
 တွေကို ပယ်လို့ရပါတယ်။ဥပမာ သင်ဟာ Linux distributions ဆိုတဲ့ Page တွေကိုလိုက်ရှာနေတယ်
 ဆိုပါဆို့ အဲ့လိုရှာတဲ့အခါ မှာ Ubuntu ဆိုတဲ့ စကားလုံးမပါစေချင်ဘူးဆိုရင် အောက်ပုံမှာပြထားတဲ့ အတိုင်း
Linux distributions ဆိုတဲ့အရှေ့မှာ အနုတ်လခ်ဏာထည့်ပြီး သင်မပါစေချင်တဲ့ စကားလုံး Ubuntu
ထည့်ပေးလိုက်ရုံပါပဲ။


linux distributions -ubuntu

3. Site ရှာဖွေခြင်း
 ဒီ site: ကိုသုံးပြီး Site တစ်ခုချင်းစီမှာ ပါတဲ့ အကြောင်းအရာ အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။
 ဥပမာ သင် ဟာ Android နဲ့ပတ်သတ်ပြီး Blogger A.K.M ဆိုတဲ့ Site မှာရှာချင်တယ် ဆိုပါစို့
 အဲ့လိုအခါမှာ အောက်မှာပြထားတဲ့အတိုင်း site:bloggerakm.blogspot.com Android လို့ရှာဖွေနိုင်ပါတယ်။


site:bloggerakm.blogspot.com Android

4. ဆက်စပ်နေသော စကားလုံးများ

 ဒီ tilde (~) ကိုသုံးပြီး  ဆက်စပ် စကားလုံးတွေကိုရှာနိုင်ပါတယ်။ဥပမာ- သင်ဟာ
Geek ဆိုတဲ့ စကားလုံးကို tilde (~) နှင့်တွဲပြီး Google မှာ ~geek ဆိုပြီး ရှာကြည့်ရင် သူနဲ့ဆက်စပ်တဲ့
 ရလဒ်တွေ၊ပုံစံတူ Meaning တူတွေကို Result  ထုတ်ပေးနိုင်ပါတယ်။(မေးစရာ တစ်ခုရှိတယ် ~geek လို့ရှာလိုက်ရင် ဘာကြောင့် Linux နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါလာ ရတာလဲ? အဖြေကရှင်းရှင်းလေးပဲ Geek ဆိုတဲ့ စကားလုံးက "Greek" ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ
 ဖြစ်ပြီး “Linux” ဆိုတဲ့ စကားလုံးနဲ့ အနီးစပ်ဆုံး Meaning တူလို့ဖြစ်ပါတယ်။ဆက်စပ်နေတဲ့ စကားလုံးဖြစ်နေလို့ လည်းပြောလို့ရပါတယ်။)


~geek

5. Wildcard

 Wildcard ကိုဘယ်လိုရှင်းပြရမလဲ။ဟုတ်ပြီ ဒီနေရာမှာ Wildcard က asterisk (*) လို့ခေါ်တဲ့ ခရေပွင့်ပုံစံ
 ကို ကိုယ်စားပြုပါတယ်။အဲ့ဒီ့ asterisk (*) ခရေပွင့်ပုံစံကို အသုံးပြုပြီး ကြိုက်တဲ့ စကားလုံးကိုမဆို Match
လုပ်ပေးနိုင်ပါတယ်။ဥပမာ- သင်ဟာ Google ကဘယ် Company တွေကို ဘယ်လောက်နဲ့ဝယ်ထား
 တယ်ဆိုတာကို သိချင်ရင် အောက်မှာပြထားတဲ့အတိုင်း “google purchased * for * dollars” လို့ရိုက်
 ထည့်ပြီး ရှာဖွေနိုင်ပါတယ်။


“google purchased * for * dollars”

6. အချိန်ကာလ သတ်မှတ်ပြီး ရှာဖွေခြင်း


 ဒီ operator ကိုတော့လူသိနည်းကြပါတယ်။ဒီ operator ကိုသုံးပြီး သင်ရှာချင်တဲ့ အကြောင်းအရာတွေကို
 အချိန်ကာလ သတ်မှတ်ပြီး ရှာဖွေနိုင်ပါတယ်။ဥပမာ-သင်ရှာချင်တာက ubuntu နဲ့ပတ်သတ်ပြီး 2008 နဲ့
2010 ကြားက အကြောင်းအရာတွေကို ရှာချင်တာဆိုရင် အောင်မှာပြထားတဲ့တိုင်း ubuntu 2008..2010
လို့ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။


ubuntu 2008..2010

7. ဖိုင်အမျိုးအစား များကိုရှာဖွေခြင်း

ဒီ filetype: ကိုအသုံးပြုပြီး File အမျိုးအစား တစ်ခုချင်းစီ သီးသန့် ရှာဖွေနိုင်ပါတယ်။ဥပမာ- သင်ဟာ PDF ဖိုင်သီးသန့်ရှာ ချင်တယ်ဆိုရင်  filetype: ရဲ့နောက်မှာ သင်လိုချင်တဲ့ PDF ဖိုင်နာမည်ကို ထည့်ပြီးရှာ
 ဖွေနိုင်ပါတယ်။


filetype:pdf how to geek

8. ဒီစကားလုံး သို့မဟုတ် ဒီစကားလုံး

 ဒီ “OR” ဆိုတဲ့ operator ကိုအသုံးပြုပြီး သင်ရှာချင်တဲ့ စကားလုံး သို့မဟုတ် နောက်ထက်တစ်ခြား စကားလုံးကို ရှာဖွေပေးနိုင်ပါတယ်။ဥပမာ- Ubuntu သို့မဟုတ် Linux ဆိုတဲ့ စကားလုံးနှစ်ခုထဲက
 တစ်ခုမဟုတ်တစ်ခုကို Result မှတွေ့ချင်တယ်ဆိုရင် OR ဆိုတဲ့ စကားလုံးကိုအသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။


ubuntu OR linux

9. စကားလုံးများရဲ့ Definition တွေကိုရှာဖွေခြင်း

 စကားလုံးတစ်လုံး အတွက် dictionary တွေမှာ လိုက်ပြီးရှာနေစရာမလိုပါဘူး။ဒီ define: ဆိုတဲ့ Operator
ကိုအသုံးပြုပြီး စကားလုံးတွေရဲ့ Definition ကိုသိနိုင်ပါတယ်။


define:word

10. Calculator

 Google ကို Calculator အဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ဥပမာ အနေနဲ့ အောက်မှာ ပြထားပါတယ်။


(4 + 2) * (6 / 3)

No comments:

Post a Comment